COOKIES
သင့်စက်ပေါ်တွင် သိမ်းဆည်းထားသော အချက်အလက်
ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါတွင် သင်၏ခွင့်ပြုချက်ဖြင့် ကျွန်ုပ်တို့သည် သင့်စက်ပေါ်ရှိ အချက်အလက်များကို သိမ်းဆည်းနိုင်ပါသည်။ ဤအချက်အလက်များကို 'ကွတ်ကီးများ' ဟု ခေါ်ပြီး သင့်စိတ်ကြိုက် သတ်မှတ်ချက်များကို မှတ်တမ်းတင်ရန် စာလုံးများနှင့် နံပါတ်များ ပါဝင်သော စာသားဖိုင်ငယ်များ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များနှင့် အွန်လိုင်းစာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုစဉ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ ကွတ်ကီးများကို သင်၏ကိရိယာတွင် သိမ်းဆည်းထားပါသည်။
စက်အတွင်း မျှဝေထားသော အရာများ (သို့) "ဖလက်ရှ် ကွတ်ကီး" များကိုလည်း သုံးပါသည်။ "ဖလက်ရှ် ကွတ်ကီးများ" သည် ဘရောက်ဆာ ကွတ်ကီးများနှင့် ဆင်တူပါသည်။ ၎င်းတို့သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များမှတဆင့် သင်တို့၏ ဝင်ရောက်လည်ပတ်မှုများကို မှတ်မိစေရန် ဖြစ်ပါသည်။
သင်၏ စက်သို့ ဝင်ရောက်ရန် သို့မဟုတ် သင်၏ ကွန်ပျူတာပေါ်ရှိ အချက်အလက်များကို အသုံးပြုရန် ကွတ်ကီးများ သို့မဟုတ် ဖလက်ရှ် ကွတ်ကီးများကို အသုံးပြု၍ မရပါ။
ကျွန်ုပ်တို့သည် စောင့်ကြည့်ရန်အတွက်သာ ကွတ်ကီးများနှင့် 'ဖလက်ရှ်ကွတ်ကီး'များကို အသုံးပြုပါသည်။
သင့်စိတ်ကြိုက်သတ်မှတ်ချက်များကို မှတ်တမ်းတင်ရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုပုံကို စောင့်ကြည့်ရန်အတွက်သာ ကျွန်ုပ်တို့အနေဖြင့် ဤနည်းလမ်းများကို အသုံးပြုပါသည်။
ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ ဝင်ရောက်လာသူများကို စောင့်ကြည့်ရန်၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တိုးတက်စေရန်၊ ၎င်းတို့ကို သင့်အနေဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအပေါ် စိတ်ဝင်စားမှု တိုးလာစေရန် ကွတ်ကီးများက အကူအညီပေးပါသည်။
သင့်နှင့် ပိုမိုဆက်စပ်ပြီး ရည်ရွယ်ထားသော ကြော်ငြာများကို ပြသနိုင်ရေး အကူအညီရရန် ဖလက်ရှ်ကွတ်ကီးများနှင့် အခြားကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။
မဖြစ်မနေ လိုအပ်သော ကွတ်ကီးများ
အသုံးပြုသူများသည် ဝဘ်ဆိုက်ကို ရှာဖွေနိုင်ရန်နှင့် ဝဘ်ဆိုက်၏ လုံခြုံသောနေရာများသို့ ဝင်ရောက်ရန် သို့မဟုတ် ငွေကြေးဆိုင်ရာ ပေးချေမှုများကို ပြုလုပ်ရန်ကဲ့သို့ ၎င်း၏ လုပ်ဆောင်ချက်များကို အသုံးပြုရန်အတွက် 'မဖြစ်မနေ လိုအပ်သော ကွတ်ကီးများ' ကို အသုံးပြုပါသည်။ ဤကွတ်ကီးများ မရှိပါက ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များကို ထိရောက်စွာ သင်အသုံးပြုနိုင်မည် မဟုတ်ပါ။
မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်
ဤကွတ်ကီးများသည် သင်၏ မှတ်ပုံတင်ချိန်အတွင်း စုဆောင်းထားသော အချက်အလက်များကို သိမ်းဆည်းထားမည် ဖြစ်ပြီး သင့်ကို ဖောက်သည်အဖြစ် အသိအမှတ်ပြုရန်နှင့် သင်လိုအပ်သော ဝန်ဆောင်မှုများကို ပေးရန် ကျွန်ုပ်တို့ကို ခွင့်ပြုပေးမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤအချက်အလက်များကို သင်၏ အွန်လိုင်းစိတ်ဝင်စားမှုနှင့် စိတ်ကြိုက်သတ်မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ နားလည်ရန်နှင့် ကျွန်ုပ်တို့၏ ပလက်ဖောင်းများသို့ သင်၏ ဝင်ရောက်မှုနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအပေါ် အသုံးပြုမှုကို အမြဲတမ်းတိုးတက်စေရန် အတွက်လည်း အသုံးပြုနိုင်သည်။
ကျွန်ုပ်တို့၏ ဝဘ်ဆိုက်
ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူများအတွက် အချက်အလက်များကို စုဆောင်းရန် ကျွန်ုပ်တို့သည် ကွတ်ကီးများကို အသုံးပြုပါသည်။
ကျွန်တော်တို့၏ ဆာဗာများတွင် ကွတ်ကီးအမျိုးအစား သုံးမျိုး ရှိပါသည်။
«အချိန်ပိုင်း» ကွက်ကီးများ - ဤကွတ်ကီးအမျိုးအစားသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသည့် ကာလအတွင်းသာ သင့်ကွန်ပျူတာတွင် ခွဲဝေသိမ်းဆည်းပါသည်။ အချိန်ပိုင်း ကွတ်ကီးသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်ကို ပိုမိုမြန်ဆန်စွာ သင်ရှာဖွေနိုင်ရန် ကူညီပေးပြီး သင်သည် မှတ်ပုံတင်ထားသော ဖောက်သည်ဖြစ်ပါက သင့်အတွက် ပိုမိုဆက်နွယ်သော အချက်အလက်များကို ပေးနိုင်ပါသည်။ ဤကွတ်ကီးသည် သင်၏ ဘရောက်ဇာကို ပိတ်လိုက်သောအခါ အလိုအလျောက် သက်တမ်းကုန်ဆုံးပါသည်။
«အမြဲတမ်း» ကွက်ကီးများ - ဤကွတ်ကီးအမျိုးအစားသည် သင်၏ ကွန်ပျူတာတွင် ကွတ်ကီးတစ်ခုစီအတွက် သတ်မှတ်ထားသော ကာလတစ်ခုကြာအောင် ရှိနေပါလိမ့်မည်။ ဖလက်ရှ် ကွတ်ကီးများသည်လည်း အမြဲတမ်း ရှိတတ်ပါသည်။
«သုံးသပ်ရေး» ကွက်ကီးများ - ဤကွတ်ကီး အမျိုးအစားသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ကို သိရှိနိုင်ရန်နှင့် ရေတွက်နိုင်ရန်အပြင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများ မည်သို့အသုံးပြုသည်ကို သိရှိနိုင်ရန် ခွင့်ပြုပေးပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ အလုပ်လုပ်ပုံကို တိုးတက်စေရန် ကူညီပေးသည်။ ဥပမာ၊ သင်ဝင်ရောက်ပြီး ရှာဖွေနေသော အရာကို လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန် သေချာစေပါသည်။
ကွတ်ကီးများကို လက်ခံမည်လား၊ ငြင်းပယ်မည်လား ဆိုသည်ကို သင်ဆုံးဖြတ်နိုင်ပြီး အမြဲရွေးချယ်ခွင့် ရှိပါသည်။
ဝဘ်ရှာဖွေရေး ကိရိယာအများစုသည် ကွတ်ကီးများကို အလိုအလျောက် လက်ခံသော်လည်း ကွတ်ကီးများကို ထိန်းချုပ်ရန် ဘရောက်ဆာ၏ ဆက်တင်များကို သင်နှစ်သက်သလို ပြုပြင်နိုင်ပါသည်။
သင်၏ ဝဘ်ဘရောက်ဆာကို အသုံးပြု၍ လုပ်ဆောင်နိုင်သည်များမှာ -
ကွတ်ကီးအားလုံးကို ဖျက်ပစ်ရန်၊
ကွတ်ကီးအားလုံးကို ပိတ်ထားရန်၊
ကွတ်ကီးအားလုံးကို ခွင့်ပြုရန်၊
ပြင်ပအဖွဲ့၏ ကွတ်ကီးများကို ပိတ်ပင်ရန်၊
ဘရောက်ဆာကို ပိတ်ချိန်တွင် ကွတ်ကီးများအားလုံးကို ရှင်းလင်းရန်၊
"ကိုယ်ပိုင်သီးသန့် ရှာဖွေခြင်း"/"ရုပ်ဖျက်" ကဏ္ဍ ကို ဖွင့်ပြီး စက်တွင် ဒေတာသိုလှောင်ခြင်း မပြုဘဲ အင်တာနက်တွင် ရှာဖွေနိုင်သည်၊
ဘရောက်ဆာ၏ ရွေးချယ်စရာများကို တိုးချဲ့ရန် add-on များနှင့် plug-in များကို ထည့်သွင်းနိုင်သည်။
ကွတ်ကီးများ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များကို မည်သည့်နေရာတွင် ကျွန်ုပ် ရှာဖွေနိုင်သနည်း။
Internet Explorer ရှိ ကွတ်ကီးများနှင့် ပတ်သက်သော အချက်အလက်များ
Chrome ရှိ ကွတ်ကီးများနှင့် ပတ်သက်သော အချက်အလက်များ
Firefox ရှိ ကွတ်ကီးများနှင့် ပတ်သက်သော အချက်အလက်များ
Safari ရှိ ကွတ်ကီးများနှင့် ပတ်သက်သော အချက်အလက်များ
Opera ရှိ ကွတ်ကီးများနှင့် ပတ်သက်သော အချက်အလက်များ
ဖလက်ရှ် ကွတ်ကီးများ
ဖလက်ရှ် ကွတ်ကီးများ အသုံးပြုခြင်းမှ ကာကွယ်ရန် ဖလက်ရှ် ကွတ်ကီးဆက်တင်များကို သင်ပြုပြင်နိုင်သည်။ သင်၏ ဖလက်ရှ် ပလေယာရှိ ဆက်တင်မန်နေဂျာက သင်၏ စိတ်ကြိုက်သတ်မှတ်ချက်များကို စီမံခွင့်ပေးပါသည်။
အကယ်၍ သင်သည် ဘရောက်ဆာတွင် ကွတ်ကီးများ အားလုံးကို ငြင်းပယ်ရန် ရွေးချယ်ပါက ကံမကောင်းစွာဖြင့် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များရှိ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုအချို့ကို အသုံးပြုနိုင်မည် မဟုတ်ပါ။ အချို့သော ဝန်ဆောင်မှုများသည် မှန်ကန်စွာ အလုပ်မလုပ်နိုင်ပါ။ ဥပမာ၊ သင်ရွေးချယ်ထားသော အသွင်ပြင် ဘာသာစကားကို ကျွန်ုပ်တို့ သိမ်းဆည်းပေးနိုင်မည် မဟုတ်ပါ။